登入 Piko Live
提示:登入PikoLive後,即可追隨以下所有的直播平台。
TwitchYoutubeStreamup
LiveHouseUstream
快捷列表
Facebook 列表 【英文頻道】目前線上有 1154 個頻道
7DayTVရဲ့ည၇နာရီသတင်းတိုက်ရိုက်ထုတ်လွှင့်မှု7PMNews ဧပြီလ - ၂၅၊ ၂၀၁၈ စီးပွားရေးစင်္ကြန်တည်ဆောက်ဖို့ သမ္မတဦးဝင်းမြင့်နဲ့ တရုတ်နိုင်ငံတကာဆက်ဆံရေးဝန်ကြီးတွေ့ဆုံ ပိုးလမ်းမကြီးအတွက် မဟာဗျူ ဟာမြောက် စီးပွားရေးစင်္ကြန်တည်ဆောက်ဖို့နဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေးဝန်ကြီး တို့ဟာ ဒီကနေ့ မနက်ပိုင်းက နေပြည်တော် မှာတွေ့ဆုံခဲ့ကြပါတယ်။ ဒါဟာ သမ္မတသစ် ဦးဝင်းမြင့်ရဲ့ သမ္မတအဖြစ်စတင်တာဝန်ယူပြီးတဲ့နောက်မှာ ပထမဆုံးအကြိမ်အဖြစ် ပြည်ပ ဧည့်သည့် လက်ခံတွေ့ဆုံဆွေးနွေးတာလည်းဖြစ်ပါတယ်။ နှစ်နိုင်င့ ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ၊ နှစ်နိုင်ငံ ခေါင်းဆောင်တွေ ချစ်ကြည်ရေးခရီးအပြန်အလှန်လည် ပတ် ကြဖို့ ၊ နယ်စပ်ဒေသ တည်ငြိမ်းအေးချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်တွေကို တွေ့ဆုံပွဲမှာ ဆွေးနွေး ခဲ့တယ် လို့ သမ္မတရုံးရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ဒါအပြင် မြန်မာနိုင်ငံရဲ့ အမျိုးသားရင်ကြားစေ့ရေး နဲ့ပြည်တွင်းငြိမ်းချမ်းရေး ၊ ရခိုင်ဒေသတည်ငြိမ်းအေးချမ်း ရေးနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ မနေ့ကတော့ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဝန်ကြီးဟာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။ ပိုးလမ်းမကြီး တရုတ်နိုင်ငံ နဲ့ ဥရောပ ကို ချိတ်ဆက်ထားတဲ့ အဓိကကျတဲ့ကုန်သွယ်လမ်းမကြီး ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံ ဟာ အဲဒီလမ်းမပေါ်ရဲ့ အရေးပါတဲ့အစိတ်အပိုင်းအဖြစ်ရှိနေတာပါ။ =============== ၂။ သမ္မတဟောင်းကတော် ဒေါ်စုစုလွင် ပြည်ထောင်စုဝန်ကြီးဖြစ်လာဖို့ရေပန်းစားနေ သမ္မတဟောင်းကတော် ဖြစ်သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်ဟာ ပြည်ထောင်စုဝန်ကြီး ဖြစ်လာ ဖို့ ရေပန်စားနေပါတယ်။ သမ္မတသစ် ဦးဝင်းမြင့်လက်ထက်မှာ ဝန်ကြီးအပြောင်းအလဲဖြစ်မယ်လို့သတင်းများထွက်ပေါ်နေချိန်မှာပဲ ဒေါ်စုစုလွင် ဟာအပြောင်းအလဲပြုလုပ်ရာမှာအသစ်ခန့်အပ်မယ့် ဝန်ကြီးသစ်ဖြစ်လာမယ်လို့ရေပန်းစားလာတာပါ။ ဒေါ်စုစုလွင်ဟာ သမ္မတဟောင်း ဦးထင်ကျော်ရဲ့ဇနီးဖြစ်တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည် ယုံကြည်အားကိုးရသူတစ်ဦး လည်း ဖြစ်ပါတယ်။ ရန်ကုန်ပညာရေးတက္ကသိုလ် မှာ ပညာသင်ကြားခဲ့ပြီး အင်္ဂလိပ်စာ မဟာဝိဇ္ဇာဘွဲ့ ရရှိထားတဲ့ ဒေါ်စုစုလွင်ဟာ သြစတြေးလျနိုင်ငံမှာလည်း သွားရောက်ပညာသင်ကြားခဲ့သူဖြစ်ပါတယ်။ ဒါအပြင် ရန်ကုန်တက္ကသိုလ်၊ အင်္ဂလိပ်စာဌာနတွင် နည်းပြမှ ကထိက ရာထူးအထိတာဝန်ထမ်းဆောင်ခဲ့ပြီး ကမ္ဘာ့ကလေးများရန်ပုံငွေအဖွဲ့ (UNICEF ) မှာ ကလေးတွေဖွံ့ဖြိုးဖို့အတွက် လည်း တာဝန်ထမ်းဆောင်ခဲ့သူပါ။ လတ်တလောမှာတော့ ပြည်ထောင်စုဝန်ကြီးအပြောင်းအလဲဖြစ်ပေါ်မယ်လို့ ကျယ်ကျယ်ပြန့်ပြန့်သတင်းထွက် ပေါ်နေတဲ့ ဝန်ကြီးဌာနသုံးခုလောက်ရှိနေပါတယ်။ ================================================ ၃။ ဒုရဲမှူး မိုးရန်နိုင်ကိုမယုံကြည်ထိုက်တဲ့သက်သေအဖြစ်လျောက်ထားမှု မေလ ၂ရက် ရုံးချိန်းမှာဆုံးဖြတ်မယ် ရိုက်တာရဲ့ သတင်းထောက်နှစ်ဦးဟာ ထောင်ဖမ်းခံရတာလို့ထွက်ဆိုခဲ့တဲ့ တရားလိုပြသက်သေ ဒုရဲမှူး မိုးရန်နိုင်ကို မယုံကြည်ထိုက်တဲ့သက်သေအဖြစ် လျှောက်ထားတာကို လာမယ့် မေလ ၂ ရက် ရုံးချိန်းမှာ တရားသူကြီးက ဆုံးဖြတ် သွားတော့မှာပါ ။ ဒီကနေ့ ရုံးချိန်းမှာတော့ နှစ်ဘက်ရှေ့နေတွေက လျှောက်လဲချက်ပေးခဲ့ကြတာလဲဖြစ်ပါတယ် ။ အဲဒီလို လျှောက်လဲချက်ပေးရာမှာ တရာလိုဘက်က ဒုရဲမှူး မိုးရန်နိုင်ကို မယုံကြည်ထိုက်တဲ့သက်သေအဖြစ် ကြေညာပေးဖို့ လျှောက်ထားချက်ကိုတော့ ကန့်ကွက်ခဲ့တယ်လို့ သတင်းထောက်နှစ်ဦးရဲ့ ရှေ့နေတွေက ပြောပါတယ်။ ဒုရဲမှူး မိုးရန်နိုင်ဟာ ပြီးခဲ့တဲ့ ရုံးချိန်းမှာ သတင်းထောက်နှစ်ဦးဟာ ထောက်ချောက်ဆင်ဖမ်းခံရတာဖြစ်တယ်လို့ ထွက် ဆိုခဲ့ပြီးတဲ့နောက်မှာတော့ တရားလိုရှေ့နေက မယုံကြည်ထိုက်တဲ့သက်သေအဖြစ် ကြေငြာပေးဖို့ လျှောက်ထား ထား တာဖြစ်ပါတယ်။ ဒီကနေ့ ရုံးချိန်းအပြီးမှာတော့ သတင်းထောက် ကိုဝလုံးဟာ တရားခွင်မှာ အမှန်တရားကိုထွက်ဆိုသွားတဲ့ ဒုရဲမှူး ကို အမြန်ဆုံးလွှတ်ပေးစေချင်တယ်လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ လုံခြုံရေးတာဝန်ထမ်းဆောင်ပြီးတဲ့နောက် ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ချဉ်းကပ်စည်းရုံးဆက်သွယ်ပြီး အရေးကြီး လုံခြုံရေးစာရွက်စာတမ်း အထောက်အထား တွေကို ပြည်ပသတင်းဌာနတွေကို ပေးပို့ဖို့ရည်ရွယ်ချက်နဲ့ တရားမဝင်သတင်းရယူခဲ့တယ်ဆိုပြီး ရိုက်တာသတင်းဌာနက သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့အပြင် ရဲတပ်ဖွဲ့ဝင်နှစ်ဦးဖြစ်တဲ့ ဒုရဲမှူး မိုးရန်နိုင်နဲ့ တပ်ကြပ်ခင်မောင်လင်း စုစုပေါင်းလေးဦး ကို မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်များဥပဒေနဲ့ ဖမ်းဆီးအမှုဖွင့်ထား တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားခဲ့ပါတယ်။ ကမ္ဘာ့ ဝိုင်အရက် ထုတ်လုပ်မှု ပမာဏ နှစ်ပေါင်း ၆၀ အတွင်း အသိသာဆုံး ကျဆင်း ================ ကမ္ဘာ့ ဝိုင်အရက် ထုတ်လုပ်မှု ပမာဏဟာ နှစ်ပေါင်း ၆၀ ကာလအတွင်း အသိသာဆုံး ထိုးကျသွားတယ်လို့ သိရှိရပါတယ်။ ၂၀၁၆ နဲ့ယှဉ်ရင် ပြီးခဲ့တဲ့နှစ်အတွင်း ဝိုင်အရက် ထုတ်လုပ် တင်ပို့မှုဟာ ၈.၆ ရာခိုင်နှုန်းထိ ထင်ထင်ရှားရှား ကျဆင်းသွားခဲ့ပါတယ်။ နိုင်ငံတကာ ဝိုင်အရက် အဖွဲ့ကြီးဖြစ်တဲ့ OIVက အခုလို ထုတ်လုပ်မှုဆိုင်ရာ ရလဒ်တွေ အနုတ်လက္ခဏာ ပြခဲ့ခြင်းဟာ ဥရောပနိုင်ငံတွေမှာ ရာသီဥတု ပြောင်းလဲ ဖောက်ပြန်ခဲ့တာ ဖြစ်တယ်လို့ မှတ်ချက်ပေးထားပါတယ်။ ၂၀၀၀ ပြည့်လွန်နှစ်တွေနဲ့ ယှဉ်ရင် လက်ရှိကာလမှာ ဝိုင်အရက် ထုတ်လုပ်နိုင်စွမ်း ကျဆင်းမှုဟာ အရမ်းသိသာလာတယ်လို့ OIVက ဆိုပါတယ်။ ဝိုင်အရက် ထုတ်လုပ်မှု ကျဆင်းလာပေမယ့် ဝိုင်သောက်သုံးမှု ပမာဏကတော့ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ တရိပ်ရိပ် မြင့်တက်လာနေပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ဝိုင်ဝယ်လိုအားဟာ ၂၀၁၆ နဲ့ယှဉ်ရင် ၈ ရာခိုင်နှုန်းလောက် ပိုများလာတယ်လို့ စာရင်းတွေက ဖော်ပြနေပါတယ်။ ဝိုင်အရက် အဓိက ထုတ်လုပ်ရာ နိုင်ငံတွေဖြစ်တဲ့ အီတလီ၊ ပြင်သစ်နဲ့ စပိန်တို့မှာ ထွက်နှုန်း သိသိသာသာ လျော့ပါးသွားပေမယ့် တရုတ်နဲ့ အမေရိကန်တို့ရဲ့ ဝိုင်အရက် ချက်လုပ်မှု ကိန်းဂဏန်းတွေကတော့ တည်ငြိမ်နေပါတယ်။ မနှစ်တုန်းက ဩစတြေးလျ၊ အာဂျင်တီးနား၊ ဘရာဇီး နိုင်ငံတွေက ထွက်ရှိတဲ့ ဝိုင်အရက်တွေကတော့ ထုတ်လုပ်နိုင်စွမ်း ပိုမြင့်တက်လာကြောင်း သိရပါတယ်။
【7Day TV】
1014